တာဝန်ယူမှုရှိသောမြန်မာ့ခရီးသွားလုပ်ငန်းကိုမြှင့်တင်ခြင်း
လိုအပ်သောအချက်အလက်များနှင့်စာမူပေးပို့ရန်ပုံစံကိုအောက်တွင်ကြည့်ပါ
အမျိုးအစား
ဒီ စာမူပြိုင်ပွဲမှာ စာတမ်းတို အမျိုးအစား နှစ်မျိုး တင်သွင်းနိုင်ပါတယ်။
က) စိတ်ကူးယဉ်ဝတ္ထု
မိမိ သဘောကျ နည်းလမ်းအတိုင်းရေးနိုင်ပါတယ်။
ခ) ဖြစ်ရပ်မှန် စာတမ်း
ဆောင်းပါး၊ စာစီစာကုံး၊ အမြင်လွှာ၊ သတင်း စသည်ဖြင့်။ အမှန်အတိုင်း ဖြစ်ခဲ့တဲ့ သတင်းအကြောင်းအရာပေါ် မူတည်ပြီး ရေးသင့်ပါတယ်။
အခြေအနေ
- ၁) တင်သွင်းသော စာမူကို အင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာဘာသာနှင့် ရေးနိုင်ပါတယ်။ Word document, PDF သို့ Email မှ တဆင့် တင်သွင်းကြပါရန် တောင်းဆိုပါတယ်။ မြန်မာဘာသာနှင့် ရေးလျှင် ဇော်ဂျီ၊ မြန်မာ သို့ WinBurmese ဖွန့်ကို အသုံးပြုကြပါ။
- ၂) ဒီစာမူပြိုင်ပွဲမှာ တင်သော စာမူဟာ အခြားစာစောင်များမှာ တင်ပြပြီးသားဖြစ်တဲ့ စာမူတစ်ခု မဖြစ်သင့်ပါ။
- ၃) တင်သွင်းသော စာမူဟာ စာမျက်နှာ ၄ မျက်နှာ အထက် မကျော်ပဲ၊ ဖွန့် အရွယ်အစား ၁၂ နှင့် လိုင်း အကွာအခြား ၂ (font size 12 and double line spacing) ကိုသာ အသုံးပြုသင့်ပါတယ်။
- ၄) ဒီစာမူတစ်ခုလုံးဟာ ကိုယ်တိုင်ရေးထားသော အရာဖြစ်ရမယ်။
- ၅) စာမူကို ကိုယ်တိုင်ရေးသူများသာ ဒီပြိုင်ပွဲမှာ စာတင်ခွင့်ရှိပါတယ်။
- ၆) မြန်မာနိုင်ငံသားများသာ ဒီပြိုင်ပွဲမှာ စာတင်ခွင့်ရှိပါတယ်။
- ၇) စာရေးသူ တစ်ဦးမှာ စာမူတစ်ဆောင်သာ တင်ခွင့်ရှိပါတယ်။
- ၈) ပြိုင်ပွဲဝင် စာရေးသူများဟာ မိမိရဲ့ နံမည် သို့မဟုတ် ကလောင်နံမည်နဲ့ ရေးသားထားတဲ့ စာမူတွေကို အခမဲ့ အသုံးပြုခွင့်ပေးဖို့ သဘောတူကြတယ်။
- ၉) ဒီပြိုင်ပွဲဝင် စာမူများမှာ မုန်းတီးခြင်း၊ အကြမ်းဖက်ခြင်း၊ လူမျိုးခွဲခြား အကြောင်းအရာများ မပါဝင်သင့်ပါ။
နောက်ဆုံးပေးပို့ရမည့်ရက်၃၁ ရက်၊ ဇူလိုင်လ၊ ၂၀၁၂ ခုနှစ် စာမူခေါ်ယူခြင်း ရက်စွဲကို သြဂုတ်လ ၁၄ရက်နေ့အထိ တိုးမြှင့်ပါသည်။
ပေးပို့နိုင်သည့်နည်းလမ်းများ
သင်ရေးထားတဲ့ စာမူကို ဒီနေရာမှာ PDF သို့မဟုတ် as Word Document အဖြစ် ထုတ်ယူနိုင်တဲ့ လျှောက်လွှာဖောင်နဲ့ အတူ moc.amrubocenull@tsetnoc သို့ ပေးပို့ရန် လိုပါတယ်။
ဆုရရှိသူကိုရွေးချယ်သည့်နည်းလမ်းများ
ဂျူရီအဖွဲ့၏ဆု စာမူအမျိုးအစား တစ်ခုဆီမှ အကောင်းဆုံး စာမူဆု ရရှိသူကို အကဲဖြတ်အဖွဲ့ဝင်များမှ ရွေးချယ်ပါလိမ့်မယ်။ ပရိတ်သတ်၏ဆု ဂျူရီအဖွဲ့မှ ကြိုတင်ရွေးချယ်ထားတဲ့ စာမူအချို့ကို ပရိတ်သတ်က ထပ်မံဆုပေးနိုင်ရန် ရွေးချယ်ကြမှာဖြစ်ပါတယ်။ ပရိတ်သတ်က www.ecoburma.com/contest ပေါ်မှာ ရွေးချယ်မဲပေးနိုင်ပြီး၊ ဝဿန် ရုပ်ရှင်ပွဲတော်ကာလ အတွင်းမှာလဲ မဲပေးနိုင်ပါတယ်။ ဝဿန် ရုပ်ရှင်ပွဲပြီးချိန်မှာ မဲပေးခြင်း ပိတ်ဆုံးမှာဖြစ်တယ်။
ဂျူရီအဖွဲ့
- ဦးဝင်းငြိမ်း – အလင်းတန်းဂျာနယ် အယ်ဒီတာချုပ်
- ဒေါ်မြသီတာ – ဘာသာစကား ပညာရှင်
- ဦးသာနိုး – စာရေးဆရာ၊ ဘာသာပြန်
ရွေးချယ်မှုစံနှုန်း
- ၁) စာမူပါ အကြောင်းအရာသည် ပြိုင်ပွဲခေါင်းစဉ်နဲ့ ကိုက်ညီသည်။ စာမူကို အချိန်မီ ပို့တင်ထားသည်။ တောင်းဆိုထားသော ပုံစံအတိုင်း တင်ပြထားသည်။
- ၂) စာမူပါ အကြောင်းအရာကို တင်ပြပုံမှာ ထူးချွှန်ပြောင်ပြားသည်။
- ၃) ပြိုင်ပွဲခေါင်းစဉ်ပါ အကြောင်းအရာကို ဆန်းသစ်သောနည်းလမ်းဖြင့် တင်ပြထားသော စာမူဖြစ်သည်။ များသောအားဖြင့် လစ်လျှူရှုထားခံရသော အချက်အလက်များကို ထောက်ရှုမြင်ဆင်ချက် အသစ်များနှင့် ဖော်ထွန်းတင်ပြနိုင်သော စာမူဖြစ်သည်။
- ၄) စာမူပါ အကြောင်းအရာများသည် လွန်ခဲ့သော လပိုင်းကာလအတွင်း၌ ဖြစ်ပွားခဲ့သော အကြောင်းများနှင့် ပတ်သက်သည်။
လုမှုရေးရှုထောက်ပါဝင်သော၊ အမည်မယ့် ပြည်သူလူထုကို ကိုယ်ချင်းစာသော၊ လူသားမျိုးနွယ်ကို လေးစားသည့် အကြံဥာဏ် မြှင့်တင်သော စာမူများကို တင်ပြုကြပါရန် တောင်းခံလိုပါတယ်။
ဆုရစာမူကိုတင်ပြခြင်း
၂၀၁၂ ခုနှစ် စက်တင်ဘာလဆန်း ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သော ဝဿန် ရုပ်ရှင်ပွဲတော် ၏ ပထမနှစ်ပတ်လည် အခမ်းအနားတွင် စာမူဆုများကို ပေးအပ်မည်ဖြစ်သည်။
ဆုနှင့်ပတ်သက်သည်များ
ဂျူရီအဖွဲ့၏ဆု – ၁၅၀ Euro (စာမူအမျိုးအစား တစ်ခုဆီအတွက်) ပရိတ်သတ်၏ဆု – ၁၀၀ Euro (စာမူအမျိုးအစား တစ်ခုဆီအတွက်) ပြိုင်ပွဲကျင်းပသူများမှာ ဒီဆုငွေကို တန်းတူဆုရရှိသူ ဦးရေများခဲ့သော် ခွဲဝေပေးခွင့်ရှိသည်၊ သို့မဟုတ် ဆုရရှိသူ မရှိခဲ့ပါက ဆုကို မပေးအပ်ခွင့်ရှိသည်။ ဆုငွေများကို လူကိုယ်တိုင် ဝဿန် ရုပ်ရှင်ပွဲတော်၏ အခမ်းအနားတွင် လက်ခံယူကြရမည် ဖြစ်သည်။ ဆုံးဖြတ်ချက်များအားလုံးသည် နောက်ဆုံးဖြစ်ပြီး၊ အယူခံပြုခွင့် မရှိပါ။
စာမူယှဉ်ပြိုင်ခြင်းပင်မစာမျက်နှာသို့


English
Deutsch
čeština