Writing Contest စာမူ ပြိုင်ပွဲ

စာမူ ပြိုင်ပွဲ
English

 

စာမူတွေကို စိစစ်ဖတ်ရှုပြီးတဲ့နောက်၊ ခေါင်းစဉ်နဲ့မကိုက်ညီတဲ့၊ သတ်မှတ်ချက်တွေနဲ့ သွေဖီနေတဲ့ စာမူတွေဟာ ပြိုင်ပွဲဆက်ဝင်ဖို့ မသင့်တော်ဘူးလို့ ဒိုင်အဖွဲ့က သတ်မှတ်လိုက်ရပါတယ်။ ပြိုင်ပွဲဝင် စာမူတွေကို အများပြည်သူ ဖတ်ရှုလေ့လာနိုင်အောင် ပြသထားပါတယ်။ ပြိုင်ပွဲဝင်တဲ့ စာမူရှင်တွေကိုလည်း ပြိုင်ပွဲဝင်လို့ ကျေးဇူးတင်တဲ့အနေနဲ့ အမှတ်တရ လက်ဆောင်ပေးပါမယ်။ စာဖတ်သူအကြိုက်ဆုံးဆုလို အခြားသော ဆုမျိုးမပေးနိုင်တာကိုတော့ နားလည်ပေးစေလိုပါတယ်။

စာမူပြိုင်ပွဲ ဆုနဲ့ မသက်ဆိုင်တဲ့၊ ဒိုင်အဖွဲ့ဝင်တွေ အကြိုက်ဆုံး ဂုဏ်ပြုဆုတခုကို စက်တင်ဘာ ၉ ရက်နေ့မှာ သီးသန့် ထုတ်ဖော်ကြေငြာ ဆု ချီးမြှင့်ပါမယ်။

စာမူပြိုင်ပွဲမှာ စိတ်ဝင်တစား ပါဝင်ယှဉ်ပြိုင်ကြသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။

 

Public Presentation

All entries were submitted for the category “fiction”.

  1. Clown doctors in Myanmar

    In Myanmar, a non-profit group named as clown doctor’s group was founded in February 2012. The purpose of this group is to cure the mind of child patients to be happy. At the present time, they perform their duties in Yangon Children General Hospital. So, they come to that hospital...
  2. ဆောင်းလုလင်

    ပြိုင်ပွဲဝင် ၀တ္တုတို ဆောင်းလုလင် မိုက်တယ်ဆိုတာ ဒီလိုလား   ငထူကြီး ဒီနေ့ထောင်မှလွတ်ခဲ့သည်။ ငထူကြီးသည် သူ့တစ်သက်တာတလျှောက်လုံး ထောင်ထဲမှာသာ အချိန်ကုန်လွန်၍ ထောင်ထဲမှာပင် သေရလိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားသူဖြစ်သည်။ ထောင်အာဏာပိုင်များက သူ့ကိုခေါ်ပြီး ယနေ့မှစ၍ ထောင်မှထွက်ခွင့်ပေးလိုက်ပြီဟု ပြောလိုက်သည့် စကားကို သူ့အား ငရဲသို့သွားစေဟု အမိန့်ချမှတ်လိုက်သည့်သဖွယ် ငထူကြီး ခံစားခဲ့ရ၏။ “ခုဆို ခင်ဗျားဟာ လွတ်လပ်တဲ့ သာမန်လူတစ်ယောက်ဖြစ်သွားပြီ၊ ခင်ဗျားအနေနဲ့အပြင်လောကမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီ၊ ဒီတော့ ကိုထူကြီး- ခင်ဗျားအနေနဲ့အတိတ်က ကျူးလွန်ခဲ့တဲ့ မိုက်ပြစ်တွေကို မေ့ပစ်လိုက်ပါ၊ မိုက်ပြစ်တွေရဲ့ ဒဏ်ကို ပေးဆပ်ပြီးပြီ၊ ခ၀ါချခဲ့ပြီးပြီလို့ မှတ်ယူပါ၊ အပြင်လောကမှာ လူသစ်စိတ်သစ်နဲ့ ရိုးသားတဲ့ အသက်မွေးဝမ်းကျောင်းမှုလုပ်ပြီး...
  3. ခရီးသွား လက်ကမ်းစာစောင်များရဲ့ ဟိုမှာဖက်ကမ်းက မြန်မာနိုင်ငံ

    If you cannot read the font, download here the text as PDF. ဆရာမ ကြာအုန်းကြည်သည် စိတ်မပါ လက်မပါ ကျောင်းသို့ရောက်လာခဲ့သော်လည်း ပြာယာတခတ်ခတ် ဂနာမငြိမ် ဖြစ်နေလေ၏။ “ထူးပါဘူး ကျောင်းအုပ်ကြီးဆီ မျက်နှာပူပူနဲ့ သွားရဦးမှာပဲ” ဟု တီးတိုးညည်းကာ ခပ်မြန်မြန် သွားလိုက်၏။ကျောင်းအုပ်ကြီးရှေ့ရောက်သည်နှင့် မူမမှန်သူတို့၏ ထုံးစံအတိုင်း မျက်နှာတပျက်ပျက်နှင့် ရွံ့ကာတွန့်တုန်နေ၏။ “ဆရာမကြည် ဘာကိစ္စလဲဗျ” “ဟိုဟာ ဟို ဟို အမေ့ဆေးခန်းလိုက်ပို့ချင်လို့ နေ့တစ်ဝက်ခွင့် ယူ ယူ ……” “ရောဂါက တော်တော်ကြီးမယ်ထင်တယ် ခဏခဏပဲနော်” ဆိုသောစကား ကြားလိုက်သည်နှင့် ဆရာမ၏ မလုံသောအိုးက ပွင့်မလိုရှက်သွားပြီး...
  4. မျှော်လင့်ခြင်းကမ်းပါး

    If you cannot read the font, download the text here as PDF. ကားတစ်စီးပြီးတစ်စီးထိုးစိုက်လာကြပြီး စည်ကားနေသောလူတွေကိုမြင်ရတာ စိတ်မသက်မသာနဲ့ပဲ ကျွန်တော် စိတ်မကောင်းဖြစ်လာ ရသည်။ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ အပန်းဖြေဥယျာဉ်တွေမှာမျိုး စည်ကားနေရင်တောင် မုဒိတာပွားနေမိမှာပါ။ အခုတော့ အထူးကုဆေးရုံကြီးများမှာ အပူရုပ်ဟန်လုပ်ပြီးလာနေကြတာ ဘာရောဂါ ဘာဒဏ်ရာတွေမှန်းမသိပေမဲ့ သူတို့တွေရဲ့ရင်ထဲမှာတော့ ဒုက္ခဝေဒနာ တွေဟာ တန်တူရည်တူရှိလိမ့်မည်ဆိုတာ ကျွန်တော်တွေးကြည့်လို့ရသည်။ ဘာကြောင့်ကိုယ်ချင်းစာနိုင်လည်းဆိုတော့ ကျွန်တော့်မှာလည်း အပြင်းထန်ဆုံးရောဂါတစ်ခု စွဲကပ်နေ၍ဖြစ်သည်။ ဆေးကောင်တာမှာ ဆေးဝယ်ဖို့ရပ်နေသော ကျွန်တော့်ကို ဆေးကောင်တာက ကောင်မလေးက ဂရုဏာသက်စွာ ကြည့်လေသည်။ သူများတွေ သနားဖွယ်ကြည့်လျှင် ကျွန်တော်မနေတတ်ပေ။ အထူးသဖြင့် မိန်းမတွေ ကြည့်သောအခါဖြစ်သည်။...
  5. နှလုံးသားမှ ခရီးသွားသစ်ပင်

    If you cannot read the font, download the text here as PDF. မေငြိမ်းချမ်း(၁၀)တန်းအောင်သောအခါ ဒဂုံတက္ကသိုလ်၌ တက်ရောက်ပြီး အင်္ဂလိပ်စာအဓိက ဘွဲ့ဖြင့်ကျောင်းပြီးခဲ့သည်။ ဘွဲ့ရပြီးသောအခါ မေမေသည် ဆရာမဘဝမှ အငြိမ်းစားယူပြီးသည်ဖြစ်၍ သားအမိ နှစ်ယောက်၏တာဝန်မှာ မေငြိမ်းချမ်းအပေါ်သို့ ကျရောက်လာသည်။ ဒီလိုနှင့် မိမိ၏အခြေအနေကို နားလည် သော သူငယ်ချင်းဖြူစင်၏အစ်မသည် Tourism ကုမ္မဏီတစ်ခု၌ ၀င်ရောက်လုပ်ကိုင်နေရာ ကုမ္မဏီ၌ ၀န်ထမ်း အသစ်ခန့်ထားရန်ရှိကြောင်း ဖြူစင်မှတဆင့်ပြောရာ မေငြိမ်းချမ်းလည်း အဲဒီကုမ္မဏီပိုင်ရှင်အိမ်၌ အလုပ် လျှောက်လွှာသွားတင်ခဲ့သည်။ ကုမ္မဏီပိုင်ရှင်အန်တီမှ လူလိုသောအခါတွင် မေငြိမ်းချမ်းကို ပြန်လည် ဆက်သွယ်မည်ဟုပြောပြီး လျှောက်လွှာအားလက်ခံထားလိုက်သည်။ မေငြိမ်းချမ်းလည်း မိခင်၏တာဝန်ကိုယူလိုစိတ်ကြောင့် အလုပ်ရရှိနိုင်ရန်...
  6. Is that Foolishness?

    Today, Nga Htu was freed from jail. Na Htu Gyi spent most of his life in the jail. He has expected that he would end his life in the prison. When the Prison Authority called him for informing his freedom from jail, he felt that he was sentenced to go...
  7. Jury Prize

    On 6 September 2012, we handed over €50 to Mr. Thuya Thwin in Mandalay as acknowledgment for his contribution to the contest. While two of the jury members recommended to cancel the jury prize since the small number of works that qualify in terms of the criteria makes it impossible...

Audience Rating

TitleVotesRating
Jury Prize15.0
Clown doctors in Myanmar134.4
Is that Foolishness?54.0
မျှော်လင့်ခြင်းကမ်းပါး43.8
ဆောင်းလုလင်31.7
နှလုံးသားမှ ခရီးသွားသစ်ပင်00
ခရီးသွား လက်ကမ်းစာစောင်များရဲ့ ဟိုမှာဖက်ကမ်းက မြန်မာနိုင်ငံ00