နှလုံးသားမှ ခရီးသွားသစ်ပင်

By
/ /

If you cannot read the font, download the text here as PDF.

မေငြိမ်းချမ်း(၁၀)တန်းအောင်သောအခါ ဒဂုံတက္ကသိုလ်၌ တက်ရောက်ပြီး အင်္ဂလိပ်စာအဓိက ဘွဲ့ဖြင့်ကျောင်းပြီးခဲ့သည်။ ဘွဲ့ရပြီးသောအခါ မေမေသည် ဆရာမဘဝမှ အငြိမ်းစားယူပြီးသည်ဖြစ်၍ သားအမိ နှစ်ယောက်၏တာဝန်မှာ မေငြိမ်းချမ်းအပေါ်သို့ ကျရောက်လာသည်။ ဒီလိုနှင့် မိမိ၏အခြေအနေကို နားလည် သော သူငယ်ချင်းဖြူစင်၏အစ်မသည် Tourism ကုမ္မဏီတစ်ခု၌ ၀င်ရောက်လုပ်ကိုင်နေရာ ကုမ္မဏီ၌ ၀န်ထမ်း အသစ်ခန့်ထားရန်ရှိကြောင်း ဖြူစင်မှတဆင့်ပြောရာ မေငြိမ်းချမ်းလည်း အဲဒီကုမ္မဏီပိုင်ရှင်အိမ်၌ အလုပ် လျှောက်လွှာသွားတင်ခဲ့သည်။ ကုမ္မဏီပိုင်ရှင်အန်တီမှ လူလိုသောအခါတွင် မေငြိမ်းချမ်းကို ပြန်လည် ဆက်သွယ်မည်ဟုပြောပြီး လျှောက်လွှာအားလက်ခံထားလိုက်သည်။

မေငြိမ်းချမ်းလည်း မိခင်၏တာဝန်ကိုယူလိုစိတ်ကြောင့် အလုပ်ရရှိနိုင်ရန် လျှောက်လွှာတင်ပြီးအပြန် ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် အတုလမာရဇိန်ကြေးသွန်းဘုရားကြီး၌ ဆုတောင်းခဲ့သည်။ ကံကောင်း ထောက်မစွာမေငြိမ်းချမ်းကို အလုပ်စတင်ခန့်ထားနိုင်ရန်၊ လာရောက်၍ အင်တာဗျူးဖြေရန် လျှောက်လွှာ လက်ခံထားသော ကုမ္မဏီပိုင်ရှင်ဆီမှ ဖုန်းပြန်ဆက်သည်။ မေငြိမ်းချမ်း ပျော်လိုက်သည့်ဖြစ်ခြင်း၊ မိမိ ခရီးသွားလုပ်ငန်းကုမ္မဏီတွင် ကံကောင်းလျှင် အလုပ်ရတော့မည်။ မေမေစိတ်ထားမငယ်ရအောင် ကျေးဇူး ဆပ်နိုင်တော့မည်။ ဘုရားတန်ခိုးပါပေဟု ဘုရား၊တရား၊သံဃာအပေါ်တွင် ပိုမိုယုံကြည်အားထားမိသည်။

2004 ခုနှစ်၊ ဒီဇင်ဘာ(၇)ရက် နံနက် (၁၀)နာရီအရောက်လာလျှင် ဖြစ်သည်ဆို၍ မေငြိမ်းချမ်း အိမ်မှကျွေးလိုက်သည့် ထမင်းကြော်ကို ငါးကြော်နှင့်စား၊ ကော်ဖီသောက်ပြီး ကုမ္မဏီရှိရာသို့ ဘတ်စ်ကား စီးပြီးထွက်လာခဲ့သည်။ ဘုရားဂုဏ်တော်နှင့် မေတ္တာသုတ်များရွတ်၍ မိမိအလုပ်ရှင်ဖြစ်မည့်သူများနှင့် အန်တီတို့ကိုမှန်းဆ၍ မေတ္တာပို့ခဲ့သည်။ မြို့ထဲသို့ရောက်သောအခါ ဘတ်စ်ကားပေါ်မှဆင်းပြီး ကုမ္မဏီရှိရာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမသို့ လျှောက်လာခဲ့သည်။ အမှတ်(၃)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ကုမ္မဏီ ရုံးခန်းအပေါက်ဝ၌ ရွှေရောင်ပေါ်တွင် အနက်ရောက်စာလုံးများနှင့် ရေးထိုးထားသော Wonderland Land Travel Agency ဟူသော ဆိုင်းဘုတ်ကိုတွေ့သောအခါ မေငြိမ်းချမ်းပျော်ရွှင်သွားပြီး ရုံးခန်းအတွင်းသို့ မှန်တံတားကို တွန်း၍ဝင်သွားလိုက်သည်။ ရုံးခန်းအတွင်းမှ အေးမြသောလေအေးစက်၏ အထိအတွေ့က မေငြိမ်းချမ်းကို ခဏတာရင်အေးသွားစေသည်။ ဧည့်ကြိုကောင်တာမှ အပြာရောင်ဖျော့ ချည်သား လက်စကနှင့် အပြာရင့်ရောင် ဒူးနားချိတ်တို့ကို ၀တ်ဆင်ထားသော အမျိုးသမီးငယ်နှစ်ဦးမှ မေငြိမ်းချမ်းကို ဘယ်သူနဲ့တွေ့ဖို့ လာပါသလဲဟု မေးရာ မေငြိမ်းချမ်းမှ အင်တာဗျူးလာဖြေခြင်းဖြစ်ကြောင်း ပြန်ဖြေနေစဉ် လျှောက်လွှာများလက်ခံထားသောအန်တီသည် ပန်းရောင်အပေါ်အောက် ၀မ်းဆက်ကိုသပ်ရပ်စွာ ၀တ်ဆင် ထားပြီး နံရံအကွယ်မှ ထွက်လာရာ မေငြိမ်းချမ်းအန်တီ့ကိုတွေ့၍ ၀မ်းသာသွားခဲ့သည်။ အန်တီမှ မေငြိမ်းချမ်းကို သမီးကိုဆရာများမှ အင်တာဗျူးမှာမို့လို့ အန်တီ့နောက်လိုက်ခဲ့ရန်ပြောရာ မေငြိမ်းချမ်း အန်တီ့နောက်လိုက်သွားခဲ့သည်။ ကုမ္မဏီပိုင်ရှင်အန်တီ၌ သားနှစ်ယောက်ရှိရာ တစ်ယောက်မှာ ကုမ္မဏီ၏ MDဖြစ်ပြီး ကျန်တစ်ယောက်မှာ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ကုမ္မဏီ၌ တာဝန်ထမ်းဆောင်သည်။ မေငြိမ်းချမ်းကို အန်တီနှင့် အသက်(၃၅)နှစ်အရွယ်ဆရာတစ်ယောက်၊အသက်၃၀အရွယ် ဆရာတစ်ယောက်တို့မှ အင်တာဗျူး ရာ မေငြိမ်းချမ်းလည်း မေးသမျှတက်နိုင်သမျှပြန်လည်ဖြေဆိုခဲ့သည်။ အင်တာဗျူးပြီးသောအခါ သမီးအား ပြန်ခွင့်ပြုပါဟု ပြောသောအခါ အသက်(၃၅)နှစ်အရွယ် ဆရာက ဒီနေ့တစ်ခါတည်း အလုပ်ဆင်းရန် ပြောလေသည်။ ထို့နောက် အန်တီက ဆရာနှစ်ဦးမှာ အန်တီ၏ သားကြီးနှင့်သားငယ်ဖြစ်ပြီး။ ဆရာဦးတိုးတက်ထိန်မှာ(MD)ဖြစ်ပြီး ဆရာဦးမျိုးမြတ်ထိန်မှာ(DIRECTOR) အဖြစ်ကုမ္မဏီ၌တာဝန် ထမ်း ဆောင်ကြောင်း၊ အန်တီမှာ Finance Managerအဖြစ် တာဝန်ထမ်းဆောင်ပြီး၊ ဆရာနှစ်ဦး၏ဖခင်မှ ဤကုမ္မဏီ၌ Chairman ဖြစ်ကြောင်း ဤကုမ္မဏီသည် မိသားစုကုမ္မဏီဖြစ်ပြီး၊ သမီးကိုလည်း အနည်းဆုံး(2)နှစ်စာချုပ်ချုပ်ပြီး အလုပ်လုပ်စေချင်ကြောင်းပြောဆိုပါသည်။ နောက်မှ အန်တီသည်လည်း အငြိမ်းစားဆရာမတစ်ဦးဖြစ်ကြောင်း မေငြိမ်းချမ်းသိခဲ့ရသည်။ အလုပ်ဆင်းသည့်နေ့၊ အင်တာဗျူးဖြေသည့်နေ့ မေငြိမ်းချမ်းမှာ တစ်ရက်တည်းဖြစ်ခဲ့ရသည်။ အန်တီကိုလည်း မေငြိမ်းချမ်း ကျေူးဇူးအထူးတင်မိပါသည်။ ကုမ္မဏီ၏ websiteတွင် တင်မည့်အကြောင်းအရာများကို computer နှင့်ရိုက်ရန်စတင်တာဝန် ပေးခဲ့သည်။ နေရာစိမ်းဖြစ်သော်လည်း မိမိလုပ်ကိုင်ရမည့် အလုပ်တာဝန်ကို ကျေပွန်စွာ စတင်ထမ်းဆောင် ရပေပြီ။

မေငြိမ်းချမ်း Wonderland Travel Agency တွင် တာဝန်ယူရသည့် အပိုင်းမှာ Visa on Arrival၊ Restaurant Reservation, Hotel Reservation နှင့် အခြားလိုအပ်လျှင်လိုအပ်သလို ဆရာများ၏ တာဝန်ပေးမှုများကို လုပ်ကိုင်ရသည်။ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းမှာ တိုးတက်သည်ဟု ပင်ပြောရမည်။ မေငြိမ်းချမ်း တာဝန်ယူရသော Visa on Arrival သည်မိမိတို့ Agency နှင့်ချိတ်ဆက်ထားသော နိုင်ငံခြားကုမ္မဏီမှ ဧည့်သည်များက မိမိတို့၏ Marketingလုပ်ထားသောTour Packageများကို ကြိုက်နှစ်သက်ပြီး၊ ရွေးချယ်လိုက်ပြီးဖြစ်၍ confirmဖြစ်လျှင် ဆရာများထံသို့ နိုင်ငံခြားကုမ္မဏီမှ လာရောက် မည့်ဧည့်သည်များ၏ passport များကို E –mailဖြင့် ပို့လိုက်သည်။ ထိုအခါတွင် passportများကို ဆရာများက ဆိုင်ရာတာဝန်ယူထားသော မေငြိမ်းချမ်း computer သို့ E-mail ဖြင့် ပို့ပေးလိုက်သည်။ ထိုအခါတွင် မေငြိမ်းချမ်းက ဆရာများကို သမီး visa on Arrival လျှောက်ရတော့မည်လားဟု သေချာစွာထပ်မေးပြီး မိမိ အလုပ်အတွက်စတင်စီစဉ်ရတော့သည်။ ပထမဦးဆုံး သက်ဆိုင်ရာဧည့်သည်များ၏(ဦးရေ) ၊passportနံပါတ်၊ သူတို့လာရောက်မည့် flightနံပါတ်များကို သေချာစွာစိစစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးငှာနသို့ visa on Arrival စတင်ရသည်။ တစ်ပါတ်အကြာ visa on rrival ဟိုတယ်နှင့်ခရီးသွားလာရေးမှ ပြန်ကျ လာသောအခါ ပန်းဆိုးတန်းရှိ immigration သို့တင်ခဲံရသည်။ Immigration မှ ပြန်ကျလာသောအခါ UMTA (မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့)နှင့် ဧည့်သည်များမှဝင်ရောက်လာပါက သူတို့စီးလာမည့် Air line (Air China)(MAI)(Bankok air way)စသည်ဖြင့် သက်ဆိုင်ရာ လေကြောင်းလိုင်းသို့လည်း ဟိုတယ်နှင့် ခရီးသွားလာရေး၊immigrationတို့မှ ကျလာသော Visa on Arrival ကို တစ်ဦးလျှင်တစ်စောင်နှုန်းဖြင့် တင်ပေးရသည်။ပြီးနောက် ဧည့်သည်များလာရောက်ရန်မတိုင်မီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လည်း ကုမ္မဏီ logo နှင့် သွားရောက်ပို့ထားရသည်။ထိုအချိန်က Visa on arrivalကြေးမှာ ဧည့်သည်တစ်ဦးလျှင် US$20ဖြစ်သည်။ ဤသို့ Visa on arrival အတိုင်းပြီးသွားပါကဧည့်သည်များ yangonတွင်တည်းမည့် hotel, စားသောက်မည့်အစားအစာများ၊ touristများ တည်းခိုလိုသောHotel, အခန်းအမျိုးအစား ပေါ်မူတည်၍ စီစဉ်ပေးထားရသည်။ ခရီးစဉ်မှာ ရန်ကုန်-မန္တလေး၊ပုဂံ-တောင်ကြီး(အင်းလေး) စသည်ဖြင့် (၄)ညအိပ် (၅)ရက်သို့(၃)ညအိပ် (၄)ရက်ဖြစ်ပါကလိုအပ်သလို မေငြိမ်းချမ်းတို့ သက်ဆိုင်ရာတာဝန်ယူထားသည့်သူများမှ မိမိတို့ Agencyနှင့် ချိတ်ဆက်၍လာရောက်သော Tourist များမိမိတို့ Agencyနှင့်တကွ မိမိိတို့ နိုင်ငံအပေါ် ကြေနပ်ချစ်ခင် ပျော်ရွှင်ဝမ်းမြောက်ပြီး တစ်ခါလာပြီး နောက် အခြေအနေပေးလျှင် ထပ်မံလာရောက်ချင်စိတ် ရှိရန် နွေးထွေးပြူငှာစွာဖြင့် စီစဉ်ပေးထားကြရသည်။ မေငြိမ်းချမ်းလည်း ကုမ္မဏီ၌ မိမိတာာဝန်ယူရသော လုပ်ငန်းပိုင်းများ၌ အာရုံစိုက်ပြီး ဆောင်ရွက်ရင်း၊ မိမိလုပ်ဖော်ကိုင်ဖက်များ အန်တီ အန်ကယ် နှင့် ဆရာ(၂)ဦး အပေါ်တွင် သံယောဇဉ်တွယ်စွာဖြင့် ပျော်ရွှင်လျက်ရှိနေသည်။သို့သော် လူ့ဘဝ၏ ကံကြမ္မာအလှည့်အပြောင်း ကို မည်သူမျှကြိုမမြင်နိုင်ဆိုသည်မှာအမှန်ပင်ဖြစ်သည်။ မေငြိမ်းချမး်၏ မေမေသည်(၂၀၀၆)ခုနှစ်(December) လထုတ် ကြေးမုံသတင်းစာပါ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း၏ အင်္ဂလိပ်စာအဓိကဘွဲ့ရများကို အထက်တန်းပြအဖြစ် ခန့်ထားရန်ကြော်ငြာအား ဖတ်မိပြီး မေငြိမ်းချမ်းအားအလုပ်မှထွက်ရန် လျှောက်လွှာ တင်ပြီး ၀င်ခွင့်စာမေးပွဲဝင်ရောက်ဖြေရန် တိုက်တွန်းလေသည်။ ဆရာမတစ်ဦး၏ဘဝသည် မည်မျှုမြင့်မြတ် သည်ကို မေငြိမ်းချမ်းကောင်းစွာ နားလည်ပါသည်။ သို့သော် မေငြိမ်းချမ်း ရင်ထဲမှာမူ မိမိနေ့စဉ်ဆောင်ရွက် နေသော ကုမ္မဏီမှ လုပ်ငန်းတာဝန်များ၊ မိမိ၏ ကုမ္မဏီမှ မိမိကိုချစ်ခင်ကြသော အန်တီ၊အန်ကယ် မိမိ ဆရာ(၂)ဦးနှင့် မိမိလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများ၊ မိမိနေ့စဉ်ဆောင်ရွက်နေသော ပတ်ဝန်းကျင်ကို ရုတ်တရတ်မခွဲခွာလိုပေ။ မေငြိမ်းချမး်ရင်ထဲတွင်Tourism သည် အမြစ်တွယ်နေရာ၊ထို tourism သစ်ပင်ကို မေငြိမ်းချမ်းအနေနှင့် ရုတ်တရတ်ဆွဲနှုတ်ဖို့ရာဘယ်မှာ နှုတ်နိုင်ပါမည်နည်း။တစ်တစ်စ နှလုံးသားထဲ၌ အမြစ် တွယ်ပြီး

ရှင်သန်ကြီးထွားလာပြီြုဖစ်သောနှလုံးသားသစ်ပင် တစ်နည်းအားဖြင့် Tourism ……။ မေငြိမ်းချမ်း စဉ်းစားပြီးရင်းစဉ်းစားရင်းဆုံးဖြတ်ချက်ခဲ့ရပြီ။ မေမေ့စကားကိုလည်း မပယ်ရှားရက်သဖြင့် နောက်တစ်နေ့ ရုံးတက်သောအခါ အန်တီကို သမီးကိုအလုပ်မှထွက်ခွင့်ပေးပါရန် တောင်းဆိုခဲ့ရတော့သည်။ အန်တီကလည်း မေငြိမ်းချမ်းကို သမီးဟာတာဝန်ကျေတဲ့ဝန်ထမ်းလည်းဖြစ်တဲ့အပြင် တစ်ဦးအပေါ်တစ်ဦးလည်း ရင်းနှီး သံယောဇဉ် ဖြစ်နေတဲ့အတွက် ထွက်ခွင့်မပေးချင်ပါဘူး။ ဒါပေမယ့် သမီးမေမေရဲ့ ဆန္ဒဆိုတော့လည်း အန်တီ တို့လည်း ထွက်ခွင့်ပြုရမှာပေါ့ဟု ၀မ်းနည်းစွာပြောခဲ့လေသည်။ မေငြိမ်းချမ်းလည်း ရင်ထဲမှာဝမ်းနည်းမှုကို ထိန်းချုပ်ထားရလေသည်။ ဆရာ(၂)ဦးနှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများလည်း မေငြိမ်းချမ်း၏ ရုတ်တရက်ထွက်စာတင်မှုကို စိတ်မကောင်းဖြစ်ကြလေသည်။ လူသားတို့သည် တစ်ဦးတစ်ယောက်ထဲ နေထိုင်၍ရသော သတ္တဝါမဟုတ်ရကား၊ အုပ်စုဖွဲ့၍ နေထိုင်လုပ် ကိုင်စားသောက်ကြရလေသည်။ ထိုသို့ ရင်းနှီးစွာ နေထိုင်လုပ်ကိုင်ကြရင်းမှ တချို့မှာ ရုတ်တရက် မပြောမဆိုပဲ သေကွဲကွဲကြရပြီး၊ တချို့က ရုတ်တရက် ရှင်ကွဲခွဲကြရသည်။ သေကွဲဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် ပုထုဇဉ် လူသားများသည် နှောင်တွယ်တက်သော သံယောဇဉ်တရားကြောင့် လူသားတိုင်းခံစားကြရသည်မှာ ဓမ္မတာပင် ဖြစ်လေသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လ (၇)ရက်၌ မေငြိမ်းချမ်းသည် ဆရာမအဖြစ် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ သည်မှာ ခုဆို ဘာလိုလိုနှင့် ( ၅ )နှစ်ကျော်ခဲ့ပြီ။ သို့တိုင်အောင် မေငြိမ်းချမ်းရင်ထဲမှ ရှင်သန်ကြီးရင့်လာသော Toursim သစ်ပင်က ပိုမိုရှင်ကြီးထားနေဆဲပင်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်တာဝန်ယူသော အုပ်ချုပ်ရေးယန္တရားသည်ပင်(၁)နှစ် သက်တမ်းပြည့်ခဲ့ပြီ။ မြန်မာနိုင်ငံ၏ ရွှေရောင်ကုန်းမြေဟုတင်စားနိုင်စွမ်းရှိသော သိင်္ဃုတရကုန်းပေါ်မှ လေးဆူဓါတ်ပုံရွှေတိဂုံ၏ တန်းခိုးတော် အနန္တကြောင့် ကမ္ဘာလည့်ခရီးသွားပေါင်းများစွာတို့က မိမိတို့၏နိုင်ငံကို လာရောက်လည်ပတ်ရန် ပိုမိုစိတ်ဝင်စား ကြသည်။ ရွှေတိဂုံသည် မြန်မာနိုင်ငံ၏ ကမ္ဘာအံချီးဖွယ်ရာတစ်ခုပင်ဖြစ်ပေသည်။ နိုင်ငံတော်အစိုးရနှင့်အတူ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးရတနာ(အမေစု)ဒေါ်အောင်ဆန်းစုကြည် မှလည်း မိမိတို့နိုင်ငံတွင် နိုင်ငံရပ်ခြားမှ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှပ်နှံပြီး အလုပ်အကိုင်သစ်များ ဖြစ်ပေါ်စေရန်ပျိုးထောင်တိုက်တွန်းလျှက်ရှိသည်။ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေး၊ ဘဏ်လုပ်ငန်း၊ စက်မှု လုပ်ငန်း၊ စတော့ရှယ်ယာလုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်းများ၌လာရောက်ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်လျှက် ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးငှာနအနေဖြင့်လည်း မြန်မာနိုင်ငံ၌ ဟိုတယ်များ ကြယ်ငါးပွင့်အဆင့်ရှိ Hotel များလာရောက် ဆောက်လုပ်ရင်းနှီးမြုပ်နှံရန် မြေနေရာများနှင့် လုပ်ကွက်များကို အဆင်ပြေစွာဖြင့် ငှားရမ်းပေးနေပြီဖြစ်ရာ ကမ္ဘာ့နိုင်ငံ အသီးသီးမမှ hotel စီးပွားရေး လုပ်ငန်းရှင်ကြီးများသည်လည်း မြန်မာ နိုင်ငံ၌ လာရောက်ရင်းနှီးမြုပ်နှှံရန် ဆန္ဒရှိကြမည်မလွဲသွေဖြစ်ပေမည်။ မိမိနိုင်ငံ၏ံ ဟိုတယ်နှင့်ခရီးသွားလာ ရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များကို မေငြိမ်းချမ်းသည် ဆရာမတစ်ဦးအဖြစ် တိုင်းပြည်တာဝန်ကိုထမ်းဆောင် နေသော်လည်း အစဉ် ၀မ်းမြောက်မိသည်။နေ့စဉ် ကျောင်းမှ အိမ်သို့ ပြန်ရောက်သောအခါ ရေမိုးချိုး စားသောက်ပြီးTVကြည့်လျှင်ဖြစ်ဖြစ်၊သတင်းစာဖတ်လျှင်ဖြစ်ဖြစ် မိခင်ပညာရေးဝန်ကြီးငှာနမှ သတင်းများ သာမက Tourism သတင်းများကိုပါ တွေ့လျှင် စိတ်ဝင်တစား ဖတ်ရှုသည်ပင်။ ၂၀၁၂၊ဇွန်(၁) ရက်နေ့တွင် သတင်းစာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်ဗီဇာ(visa on Arrival) ကို ဇွန်(၁)ရက်မှစ၍ (၂၆)နိုင်ငံအား ခွင့်ပြုပေးတော့မည်ဟူသော သတင်းကို မေငြိမ်းချမ်း အသေးစိတ်ဖတ်ရင်း ၀မ်းသာမိသည်။
မြန်မာနိုင်ငံ၏ တိုးတက်မှုဘက်သို့စတင် လှမ်းနေသော ခြေလှမ်းများကြောင့် ကမ္ဘာအရပ်ရပ်၌ သွားရောက်၍ မိမိတို့၏ အသက်မွေးဝမ်းကြောင်းမှုကိုပြုနေရသော မြန်မာပြည်မွေး၊မြန်မာ့အချင်းမြုပ်များသည် ကိုယ့်မြေ၊ကိုယ့်ရေသို့ ပြန်လည်ခိုလှုံချင်လာပြီ ဖြစ်သည်ကို မေငြိမ်းချမ်း ကြားသိလာရသည်။ မေငြိမ်းချမ်း၏ မိတ်ဆွေ အင်ဂျင်နီယာဇနီးမောင်နှံသည် Singapore တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည်မှာ (၅)နှစ်ကြာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောလက မိတ်ဆွေအစ်မ မြန်မာနိုင်ငံသို့ပြန်လာရာ မိမိတို့နိုင်ငံရဲ့ တိုးတက်လာမူကို Singapore မှ နေပြီး ၀မ်မြောက်မိကြောင်း Singapore ရောက် မြန်မာများသည်လည်း မိမိ တို့ အသက်မွေးဝမ်းကျောင်းနှင့် ဘဝရှေ့ရေးအတွက် လာရောက်လုပ်ကိုင်နေကြရသော်လည်း Singapore ၌ အခွန်ဆောင်ပြီးနေထိုင်ကြသည်ကများသည်ဟု အစ်မကမေငြိမ်းချမ်းကို ၀မ်းသာအားရပြောသည်။ Singapore ရောက်မြန်မာများသည် မိမိနိုင်ငံကိုချစ်ခင်မြတ်နိုးသည့်စိတ်ကြောင့် Singapore Government ထံတွင် အခွန် ဆောင်ပြီးနေကြသည်။ အချိန်လဲတန်အခြေအနေပေးလျှင် မိမိမိခင်မွေးရပ်မြေ၏ တိုးတက် ကြီးပွားရာ လုပ်ငန်းများကိုသာ မိမိတို့ နိုင်ငံရပ်ခြားတိုင်ပြည်များ၌ တက်မြောက်ကျွှမ်းကျင်လာသော လုပ်ငန်းများဖြင့် ပြန်လည်တိုးတက်ဖွံဖြိုးစေဖို့ ဆန္ဒမွန်များရှိကြကြောင်း သိရှိရသဖြင့်လည်း မေငြိမ်းချမ်း ၀မ်းမြောက်ရပြန်သည်။

မေငြိမ်းချမ်းသည် မိမိတပည့်သားသမီးများကို ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ ဖေဖေနှင့်မေမေတို့၏ မှန်းဆ ခဲ့သော မိမိ၏ငယ်ဘဝပုံရိပ်ကဲ့သို့ ဆရာမတစ်ဦးအနေဖြင့် အမိမြန်မာနိုင်ငံ၏ တိုင်းပြည်တာဝန်များကို ထမ်းဆောင်ရင်း မိမိနှလုံးသားထဲမှ အမြစ်တွယ်ရာမှ ရှင်သန်ကြီးထွားစိန်းလမ်းဝေဆာစွာဖြင့် ပွင့်ဖူးလာသော Toursim သစ်ပင်ကြီး၏ လှုံဆော်မူကြောင့် မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဖွံဖြိုးတိုးတက် လာမူနှင့်အညီ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း(World International Tourism)မြင့်တက် သကဲ့ သို့ မြန်မာ့အပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်း (Myanmar International Tourism)Smokeless Factory လုပ်ငန်းတိုးတက်ပါစေရန်……………ဆန္ဒပြုမိပါတော့သည်။

Daw Swe Zin Thet

 

GD Star Rating
loading...

Post to Twitter Post to Delicious Post to Digg Bookmark and Share

%d bloggers like this: